လက်ရှိရာသီအပြောင်းအရွှေ့မှာတော့ ချယ်ဆီးက တကယ်ကြီး အလုပ်လုပ်ပြလိုက်ပါပြီ ပရီးမီးယားလိဂ်မှာ အပြောင်းအရွှေ့စ‌ကေး အကြမ်းဆုံးက ချယ်ဆီးဖြစ် နေပါပြီ

အငှားကြေးတွေကို မထည့်တွက်ဘဲ ကစားသမား ရောင်းချမှု တစ်ခုတည်းကနေတင် ပေါင် ၃၈၂ သန်းအထိ ရရှိအောင် ရောင်းချနိုင်ခဲ့တာပါ

မနေ့ကတင် အန်ဇိုကို ပေါင် ၁၂၅ သန်းနဲ့ မန်စီးတီးတို့ဆီ ရောင်းထုတ်ခဲ့ပြီးတော့ အန်ဒရီ ဆန်းတို့စ်က ပေါင် ၄၈ သန်း၊ ဂျက်ဆင်နဲ့ ကူကူရဲလားက ပေါင် ၄၇ သန်း၊ ဒီလပ်ကတော့ ပေါင် ၄၅ သန်းတို့နဲ့ အပြီးတိုင် ရောင်းချပစ်ခဲ့တာ ဖြစ်ပါတယ်

ဒီလို အသင်းမှာ လူပိုဖြစ်‌နေတဲ့ ကစားသမားတွေကို အပြတ်အသတ် ရောင်းထုတ်လိုက်တာဟာ ချယ်ဆီး အသင်းအတွက်တော့ တစ်ချက်ခုတ် နှစ်ချက်ပြတ်ပလန်မျိုးပါပဲ

လက်ထဲမှာ ‌သန်း ၄၀၀ လောက်ကိုင်ထားပြီဆိုတော့ ချယ်ဆီးတို့ အလွန်ဆို လိုချင်သမျှ ကစားသမားတွေကို နောက်ကနေငွေထုတ်ပိုက်ပြီး ရှင်းပေးမလားပဲ ကြည့်ရပါလိမ့်မယ်